အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။           ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှ ဆောင်ရွက်မည့် အောက်ဖော်ပြပါ လုပ်ငန်းအား တင်ဒါခေါ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်အပ်ပါသည်-

စဉ်

တင်ဒါအမှတ်

လုပ်ငန်းအမည်

(က)

1-29(T) /MESC / 2018-2019

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင်အသုံးပြုရန်Desktop Computer ( 41 )Nos , A3 Printer    ( 34 )Nos , A4 / Legal  Printer ( 7 )Nos ဝယ်ယူခြင်း 

(ခ)

2-60(T) /MESC / 2018-2019

၃၃/၁၁ကေဗွီ၊စွယ်တော်ခွဲရုံမှ ဒေါင်းရွေးကျေးရွာအနီးထိ ၁၁ကေဗွီ SAC ဓာတ်အားလိုင်း(၁.၆)မိုင်တိုးချဲ့တည်ဆောက်ခြင်း(ပစ္စည်း+လုပ်အားခ)

(ဂ)

2-61(T) /MESC / 2018-2019

၃၃ကေဗွီ ပျော်ဘွယ်လိုင်းမှ စံတော်ရာကုန်းကျောင်းအထိ ၃၃ကေဗွီ ACSR ဓာတ်အားလိုင်း(၁)မိုင် အဆင့်မြှင့်တင်ခြင်း(ပစ္စည်း+လုပ်အားခ)

(ဃ)

2-62(T) /MESC / 2018-2019

၃၃/၁၁ကေဗွီမြရည်နန္ဒာခွဲရုံမှဝန်အားမျှဓာတ်အားဖြန့်ဖြူးနိုင်ရန်၁၁ ကေဗွီ ဓာတ်အားလိုင်း (၀.၃၄) မိုင်၊ ၁၁ကေဗွီရတနာဘုမ္မိဖီဒါ ဝန်အားမျှရန် ၁၁ကေဗွီဓာတ်အားလိုင်း(၀.၁၁)မိုင်၊ ၁၁ကေဗွီ ဘုရားကြီး(၁)ဝန်အားမျှ ရန်၁၁ကေဗွီဓာတ်အားလိုင်း(၀.၂၃)မိုင်နှင့်၁၁ကေဗွီရဲမွန်ဖီဒါဝန်အားမျှ ရန်၁၁ကေဗွီဓာတ်အားလိုင်း(၀.၄၅)မိုင်စုစုပေါင်း၁၁ကေဗွီSACဓာတ် အားလိုင်း(၁.၁၃)မိုင် အသစ် တည်ဆောက်ခြင်း(ပစ္စည်း+လုပ်အားခ)

၂။            အိတ်ဖွင့်တင်ဒါပုံစံ နှင့်  စည်းကမ်းချက်များကို (၁၄ . ၆ .၂၀၁၉)  ရက်နေ့တွင် စတင်၍ ရောင်းချမည် ဖြစ်ပြီး  ( ၂၇ . ၆  .၂၀၁၉) ရက် (၁၄:၀၀)  နာရီတွင် တင်ဒါပိတ်မည်ဖြစ်ပါသည်။ 

၃။           တင်ဒါစိစစ်ရွေးချယ်မည့်ရက်အား ထပ်မံအကြောင်းကြားပါမည်။ တင်ဒါပုံစံနှင့် အသေးစိတ် အချက် အလက် များကို ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက် စုံစမ်းဝယ်ယူနိုင်ပါသည်။

တင်ဒါကော်မတီ
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)
၂၇ လမ်း၊ ၇၇x၇၈ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
ဖုန်း -  ၀၂-၄၀၆၉၁၂၁,၀၂-၄၀၇၃၈၀၁